Pages

Pages

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး PSA ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား လက်ခံ တွေ့ဆုံ



MNP - ဒီဇင်ဘာ ၁၄


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပို့ကုန်ကဏ္ဍ တိုးမြှင့်နိုင်ရန်အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က PSA ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ပြည်နယ်အစိုးရ အဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာ PSA ကုမ္ပဏီလီမိတက်မှတာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်းရှိ မြေလွတ်၊ မြေရိုင်းနှင့် စိုက်ပျိုးမြေအချို့အား ငှားရမ်း၍ ပြောင်း၊ ပဲ၊ ကြံနှင့် ကြက်သွန်မြိတ်များ စိုက်ပျိုး၍ အသေးစားစက်မှု လုပ်ငန်းများထူးထောင်လုပ်ကိုင်နိုင်ရေး တင်ပြဆွေးနွေးရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက မြေယာငှားရမ်းသုံးစွဲမှုဆိုင်ရာကိစ္စရပ်များတွင် လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق