အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) U 21 ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) U 21 ဘောလုံးပြိုင်ပွဲကျင်းပ







MNP ၊ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရ တု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) U 21 ဘောလုံးပြိုင် ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမာန်နေ့ ညနေ ၃နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က တစ်မျိုး သားလုံး ကျန်းမာကြံ့ ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ စိတ် ဓာတ်ကောင်းမွန် ဉာဏ်ရည်မြင့်မားသည့် အားကစားသမားများ ပေါ်ထွန်းရေး၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မူးယစ်ဆေးဝါးကင်းစင်၍ လူ့စွမ်းအားအ ရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာများမှပြိုင်ပွဲဝင်အသင်း(၁၁)သင်းတွင် ဘောလုံး အားက စားသမား(၁၃၂)ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ ဘောလုံးအားကစား အရည်အချင်းများကို ပြသခွင့်ရတဲ့ပြိုင်ပွဲဖြစ်ပါကြောင်း၊ အား ကစားသမားများအ နေဖြင့် အားကစားစည်းကမ်းချက်များ အတိုင်း စနစ်တကျ ယှဉ်ပြိုင်ကစားမှသာ ပြည်သူလူထုရဲ့ အား ပေးမှုကိုရရှိလာမည်ဖြစ်တဲ့အတွက် စည်း ကမ်းရှိစွာ ကစားကြစေလိုကြောင်းပြောကြားခဲ့သည်။


ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အား ကစားသမားများ၏ သစ္စာအဓိဌာန်ရွတ်ဆိုကြ၍ ပြိုင်ပွဲပထမနေ့ တွင် လေယာဉ်ကွင်းရပ်ကွက်နှင့် ဈေးတောင်ရပ်ကွက် အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအ နားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ မြို့မိမြို့ ဖများ၊ ဒေသခံပြည်သူများနှင့် ဘောလုံးအသင်း(၁၁)သင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ဘောလုံးပြိုင်ပွဲတွင် ပထမဆု(၁၀)သိန်းကျပ်၊ဒုတိယဆု(၇) သိန်းကျပ်၊တတိယဆုတ(၅)သိန်းကျပ်၊ အ ကောင်းဆုံး အားက စားသမားဆု တစ်ဆုလျင် (၅)သောင်းကျပ်နှုန်းဖြင့် (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)