မောင်တောမြို့ရှိ UNHCR ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့ရှိ UNHCR ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ

 





MNP ၊  ဒီဇင်ဘာ  ၉

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း နှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ 


ထို့သို့ ဆောင်ရွက်ရာတွင်  UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မြို့နယ် မီးသတ် ဦးစီးဌာနမှ  ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့ ရုံးများရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲ လှယ်တပ်ဆင် အသုံး ပြုစေရေး၊ မီးသတ်ဆေးဘူး၊ မီးသတ် ရေပုံ များ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေ ကန် များ၌ ရေများ ဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ် ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောပြီး မီးသတ် တပ်ဖွဲ့ဝင် များက အဆိုပါရုံးများရှိ ဝန်ထမ်း များအား  ရှေးဦးမီးသတ်ဆေးဘူး ၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်း များအား ဆောင်ရွက်စေ ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)