မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

 


MNP - ဒီဇင်ဘာ   ၅


မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သာယာကုန်းကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား  နိုဝင်ဘာ နောက်ဆုံးအပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေများ၊ စာရင်းဇယား ဖြည့်သွင်းမှုတို့ကို စစ်ဆေးပြီးလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ မုဒုံမြို့နယ် သာယာကုန်းကျေးရွာတွင် (VRFP) စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူဦးရေ စုစုပေါင်း ၅၂ ဦးအား ချေးငွေပမာဏ ၃၂ ဒသမ ၃ ကျပ်သန်းကို Type – 1 အနေဖြင့် ထုတ်ချေးပေးထားကြောင်း သိရသည်။


အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)သည်  နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူ  စိုက်ပျိုးမွေးမြူ  ထုတ်လုပ်သူများနှင့်  အသေးစားစီးပွားရေး  လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေကာ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကို  ဆောင်ရွက်နိုင်စေရန်နှင့် တိုးပွားလာသည့် ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော  မတည်ရန်ပုံငွေထူထောင်ကာ  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍  မြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာတွင်  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း  မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)