မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး



MNP - ဒီဇင်ဘာ ၁၁


မွန်ပြည်နယ်  မုဒုံမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ်သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် တောင်ပကျေးရွာတွင်  လုပ်ငန်းဆောင်ရွက်နေမှုများကို  ဒီဇင်ဘာ ပထမပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။


ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများကကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊စာရင်းဇယား ဖြည့်သွင်းမှုတို့ကို စစ်ဆေးပြီးလိုအပ်သည်များအား  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။    မုဒုံမြို့နယ်  တောင်ပကျေးရွာတွင်  ( VRFP )  စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူဦးရေ  စုစုပေါင်း  ၆၅  ဦးအား ချေးငွေပမာဏ  ၃၁၁ သိန်းကို Type – 1 အနေဖြင့် ထုတ်ချေးပေးထားကြောင်း သိရသည်။


အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)သည်  နိုင်ငံတော်၏ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူ  စိုက်ပျိုးမွေးမြူ  ထုတ်လုပ်သူများနှင့်  အသေးစားစီးပွားရေး  လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေကာ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို  ဆောင်ရွက်နိုင်စေရန်နှင့် တိုးပွားလာသည့် ရန်ပုံငွေများဖြင့်ကျေးရွာမှ  ပိုင်ဆိုင်သောမတည်ရန်ပုံငွေထူထောင်ကာ  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အတွက် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှစ၍  မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင်  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း  မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)