စဉ့်ကူးမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ







MNP ၊ ဒီဇင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဆိုင်းဘုတ်တင်ပွဲ နှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို စဉ့်ကူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။


အဆိုပါ (YMBA) ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပထမပိုင်းတွင် သပိတ်ကျင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင်၊ မန္တလေးတိုင်းဒေသကြီး (YMBA) အသင်း ဥက္ကဌ ဦးကြည်စိန်၊ စဉ့်ကူးမြို့နယ် (YMBA)အသင်း ဥက္ကဌ ဦးခင်မောင်ထူး တို့က အသင်းဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကာ ဆရာတော် သံဃာတော်များက ဇယန္တော ဗောဓိယာ မူလေ အစချီသော ဂါထာတော်များအား ရွတ်ဖတ်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး  တက်ရောက်လာကြသည့် ဧည့်ပရိတ်အပေါင်းတို့က စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဝရသာမိ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။


ဆက်လက်၍ သပိတ်ကျင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင် က (YMBA) အသင်း ဖွဲ့စည်းမှုနှင့်ပတ်သက်၍ လျှောက်ထားခြင်း၊ စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းခြင်း၊ (YMBA) အသင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ မန္တလေးတိုင်းဒေသကြီး (YMBA)အသင်း ဥက္ကဌ ဦးကြည်စိန် က ကျေးဇူးတင်စကား ပြောကြားခြင်း၊ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဧည့်ပရိတ်သတ် အပေါင်းတို့သည် စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဝရသာမိ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှ ပေးဝေခဲ့ကြသည်။ ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


အဆိုပါ (YMBA) ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့  သပိတ်ကျင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင်၊ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး သောင်းစိန်နှင့် ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ စဉ့်ကူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ် (YMBA)အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပြီး အလှူငွေလှူဒါန်းမှုမှာ စုစုပေါင်း တန်ဖိုးကျပ် (၁၀၂၃၃၀၀၀) ဖြစ်ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)