Pages

Pages

မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ငှားရမ်း၊ ဖတ်ရှုသူ နေ့စဉ်များပြား


MNP  -  ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာစောင်များ ငှားရမ်းပေးရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်  ငှားရမ်းဖတ်ရှုသူများပြားလျက် ရှိကြောင်း သိရသည်။


မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရ ရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်ငှားရမ်း ဖတ်ရှုကြကြောင်းနှင့် တစ်ဦးလျှင် (၁)အုပ်နှုန်းဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးသည့် အပြင်စာပေဖတ်ရှုသူ စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် နယ်လှည့် Mobile ငှားရမ်းပေးခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း စသည့် အစီအစဉ်များနှင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ (Talk Show)များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြင့်သွယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment