Pages

Pages

စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး




MNP  -   ဇန်နဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၅)နာရီ အချိန်မှစ၍  ထုတ်ပေး​လျက်ရှိသည်။


စဉ့်ကူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်) လစာထုတ်ယူသူ (၁၀၇၃) ဦးရှိပြီး ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျ ထုတ်ပေးလျက် ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက်နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ကြောင်း၊ ထုတ်ယူရန် ကျန်ရှိသူများအတွက် ပင်စင်လစာငွေ ထုတ်ပေးခြင်းကို နေ့စဉ် ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။


တင်ဇာလွင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment