Pages

Pages

မိုင်းယောင်းမြို့ အ.မ.က (မိုင်းဟန်)၌ ပညာရေးစုံညီပွဲတော်ကျင်းပ






MNP  -  ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မိုင်းဟန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အုပ်စု(၆)ကျောင်းမိသားစု ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က ကျင်းပရာ ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်းဆရာတော် ဘဒ္ဒန္တဇဋိလ (သာသနတက္က သီလဓမ္မာစရိယ)က အဖွင့်ဩဝါဒမိန့်ကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းမြမြဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။


ထို့နောက် ပညာရေးဌာန ခရိုင်၊ မြို့နယ်အဆင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရ၊ စာပေ၊ အားကစား ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြင့်ခဲ့ကြသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment