Pages

Pages

တောင်ကုတ်မြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်







MNP   -   ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်တွင် သိမ်တောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းရှေ့လမ်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်း ဆောင် ရွက် ခဲ့ကြ ကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ ဆုတောင်းပြည့်ဘုန်းတော်ကြီး ကျောင်း ရှေ့လမ်းနှင့်ဝန်းကျင်ရှိ ကြီးခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက် များ ကောက်ခြင်း များကိုစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment