Pages

Pages

ကွန်ဟိန်းမြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ဆောင်ရွက်




MNP   -   ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မာသွယ်က ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန် ဟောပြောခဲ့ပြီး ရုပ်ပုံပြပုံပြင်ပြောခြင်းအား ဆောင်ရွက်ခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့သည်။ ယင်းနောက် ဆရာမများအား mobile library စနစ်ဖြင့် သုတ၊ ရသ စာအုပ်စာစောင်များ ငှါးရမ်းပေးခဲ့ပါသည်။


အဆိုပါ ဟောပြောပွဲအား ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ ဗသုသုတများ တိုးပွါးလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment