Pages

Pages

ကျောက်ဆည်မြို့နယ် အမှတ်(၇) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းဥပတိရုပ်ကောင်းမွန်ရေး ကျောင်းဝင်းမုဒ်ဦးဆောက်လုပ်


MNP  -   ဇန်နဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်အသစ်များဆောက်လုပ်ပေးခြင်းနှင့် ကျောင်းဝင်းလုံခြုံရေး   အုတ်တံတားကာရံပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၇) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင်လည်း ကျောင်းဥပတိရုပ်ကောင်းမွန်ရေး ကျောင်းဝင်မုဒ်ဦးဆောက်လုပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါကျောင်းဝင်းမုဒ်ဦးအား ကျောင်းအကျိုးတော်ဆောင်များဦးဆောင်မှုဖြင့် စေတနာအလှူရှင်များပူးပေါင်းပြီး ငွေကျပ်(၁၅)သိန်းအကုန်အကျခံကာ အကျယ်(၂၀)ပေ၊ အမြင့်(၈)ပေ သံပန်းတံခါး နှင့်ကျောင်းအမှတ်အသားစာတန်းများပါရှိသည့် သံပန်းခုံးမုဒ်ဦးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်သိရသည်။


အမှတ်(၇) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ KGတန်းတွင် ကျောင်းသား/ကျောင်းသူ (၂၄)ဦး၊  Grade-1တန်းတွင် ကျောင်းသား/ကျောင်းသူ(၁၉)ဦး၊  Grade-2 တန်းတွင်ကျောင်းသား/ကျောင်းသူ(၂၂)ဦး၊  Grade-3 တန်းတွင် ကျောင်းသား/ကျောင်းသူ(၂၈)ဦး၊  Grade-4 တန်းတွင် ကျောင်းသား/ကျောင်းသူ(၂၉)ဦး၊  Grade-5 တန်းတွင် ကျောင်းသား/ကျောင်းသူ(၂၆)ဦး ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment