Pages

Pages

ကျွန်းလှမြို့နယ်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်‌ပေးလျက်ရှိ




MNP  -   ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


 ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျောင်း‌သား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။


 ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမားရေးစစ်ဆေးပေးခြင်းနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်‌ပေးလျက်ရှိသည်။


 အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို 

 https://t.me/MyanmarNationalPost

No comments:

Post a Comment