Pages

Pages

ဆင်ပေါင်ဝဲမြို့၌ ၂၀၂၂-ခုနှစ် ဆောင်းသီးနှံစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ



MNP  -   ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက်၊ ၂၀၂၂ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား ၂၀၂၂-ခုနှစ် အောက်တိုဘာလမှစတင်၍ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ယခုနှစ် ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံ ထုတ်လုပ်မှု ဘဏ်ချေးငွေထုတ်ချေးရန် လျာထားချက်မှာ (၂၀၀၀.၀၀) သိန်းဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်ထားသော (ပုံစံ-၇) မူရင်းများကို ၂၀၂၂ မိုးဘဏ်ထုတ်ချေးစဥက  ဘဏ်မှ အပေါင်အဖြစ် ရယူထားခဲ့ပြီး တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသည့် စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။


အဆိုပါ ထုတ်ချေးငွေကာလမှာ ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလမှ ဇန်နဝါရီလ အကုန်ထိဖြစ်ပြီး၊၂၀၂၃-ခုနှစ်ဇန်နဝါရီလ(၂၀)ရက်နေ့ထိကျေးရွာအုပ်စု(၆)အုပ်စု၊ တောင်သူအဖွဲ့ဝင်ပေါင်း (၉၃)ဦး၊ ထုတ်ချေးငွေပေါင်း(၆၂၂.၀၀)သိန်း ထုတ်ချေးပြီးဖြစ်၍ အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများကိုသာ ၂၀၂၂-ခုနှစ်ဆောင်းချေးငွေကို ထုတ်ချေး ပေးလျက်ရှိကြောင်း မြို့နယ်မန်နေဂျာ(ယာယီတာဝန်)ထံမှ သိရသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment