MNP - ဇန်နဝါရီ ၂၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနသည် ဘီးလင်းမြို့နယ်အတွင်းရှိ စားသောက်ကုန်ဆိုင်များတွင် Coffee Shop (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက စားသောက်ကုန်ရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်များအား အန္တရာယ်ရှိသော COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ရောင်းချမှုကိုတွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment