MNP - ဖေဖေါဝါရီ ၁၄
၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများတွင် အတန်းတင်စာမေးပွဲများကို ယနေ့နံနက် ၉ နာရီ မှစတင်ကာ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းပေါင်း (၁၄၁) ကျောင်း ဖွင့်လှစ်ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ အတန်းတင်စာမေးပွဲ များကိုလည်း ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ အေးချမ်းသာယာ စွာ ကျင်းပပေးလျက်ရှိပြီး အ.ထ.က ကျိုက်မရော အထက်တန်းကျောင်း၌ Grade-6 တန်းမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၆၂) ဦး၊ Grade-7မှ ကျောင်းသား၊ ကျောင်းသူ(၉၀)ဦး၊ Grade-8 တန်းမှ ကျောင်းသား ကျောင်းသူ (၁၀၆)ဦး၊ စုစုပေါင်း စာမေးပွဲဖြေဆိုသူ(၂၅၈)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်ကို ပထမနေ့အဖြစ် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း အ. ထ.က ကျိုက်မရောကျောင်းမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျောင်းအသီးသီး၌ သက်ဆိုင်ရာအတန်းအလိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment