တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ဆက်တိုက်လေ့ကျင့် သရုပ်ပြမှု အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ဆက်တိုက်လေ့ကျင့် သရုပ်ပြမှု အခမ်းအနားကျင်းပ




MNP   -   ဖေဖော်ဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြေငလျင် လှုပ်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆက်တိုက်လေ့ကျင့်သရုပ်ပြမှု အခမ်း အနားကို အ.ထ.က (မင်းစု)ကျောင်း၌ ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 


အခမ်းအနားတွင် တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရကအဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဆက်လက်၍ မီးသတ်တပ်ဖွဲ့၀င်များမှ အသက်ကယ်ကြိုး အသုံးပြု၍ သရုပ်ပြသခြင်း၊ ငလျင်ဆက်တိုက်သရုပ်ပြသခြင်း၊ အထပ်မြင့် အဆောက်အဦးအား မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ ဆီသိုလှောင်ကန်ပေါက်ကွဲမှုအား မီးငြှိမ်းသတ်သရုပ်ပြသခြင်းစသည်များ သရုပ် ပြသပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င် ဗိုလ်မှူး နေမျိုးသူတို့က မီးသတ်တပ်ဖွဲ့၀င်များအား ဂုဏ်ပြု ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)