MNP - ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲနှင့်စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စဉ်စား တွေးခေါ်မှုအသိဉာဏ်များ ပိုမိုရရှိစေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အချိန်ကိုမှန်ကန်စွာ အသုံးချသည့်အနေဖြင့် သုတ၊ ရသစာအုပ်၊ စာပေဖတ်ရှုကြစေရန်ရည်၍ ဟောပြောပွဲများနှင့် စာအုပ်စာစောင် ပြပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က မော်တော်ယာဉ်မောင်နှင်သူများ၊ မော်တော် ဆိုင်ကယ်စီးနင်းလာသူများအား ယာဉ်မောင်းများ လိုက်နာရမည့် အချက်များ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန် တပ်ဆင်စီးနင်းကြရန်နှင့် ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment