MNP - ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ပေါက်တောမြို့ရှိ အခြေခံပညာ အထက(ပေါက်တောမြို့)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုယနေ့နံနက် ၇ နာရီက ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ နှင့် ကျောင်းသား၊ကျောင်းသူများက ကျောင်းခြံအတွင်းရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းများပြုလုပ်ကြသည်။
အဆိုပါ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဥ်(စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment