​ရွှေတောင်မြို့နယ်တွင် တောင်သူများ ဆည်ရေဖြင့် နွေစပါးစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ရွှေတောင်မြို့နယ်တွင် တောင်သူများ ဆည်ရေဖြင့် နွေစပါးစိုက်ပျိုး



MNP  -     မတ် ၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင် မြို့နယ်၌ တောင်သူများအနေဖြင့် နွေစပါးများကို ထပ်မံစိုက်ပျိုးလျက်ရှိသည်။


ရွှေတောင် မြို့နယ်တွင်  ဆည်ရေဖြင့် နွေစပါး စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက (၁၁၉၅) လျာထားဆောင်ရွက်လျက်ရှိရာ (၁၁၉၅) ဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးကြောင်းသိရသည်။


 တောင်သူများအနေဖြင့် ရက် ၉၀ စပါးမျိုး၊ ရတနာတိုး၊ GW-11၊ ဆင်းသုခနှင့် မှော်ဘီ-၃ စပါးမျိုးများကို အများဆုံးစိုက်ပျိုးထားရှိလျက်ရှိကြောင်းနှင့် လိုအပ်သောမျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ ဖြန့်ဖြူးပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။


ရွှေတောင်မြို့နယ် တွင်လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မား တိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ သိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)