ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော အဖွဲ့သည် ချင်းရွှေဟော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော အဖွဲ့သည် ချင်းရွှေဟော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 




MNP ၊ မတ်  ၁၄

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော အဖွဲ့သည် ချင်းရွှေဟော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မတ်လ(၁၃) ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချင်းရွှေဟော်မြို့ရုံးဝင်းအတွင်း  ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်လျက်ရှိသည့် ကလေးကစားကွင်းဆောက်လုပ်နေမှုနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် လှူဒါန်းဆောက်လုပ်ခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကိုးကန့်ရိုးရာယဉ်ကျေးမှု သမိုင်းပြတိုက် ဆောက်လုပ်ပြီးစီးမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီး ရုံးလုံခြုံရေးအတွက်  ရုံးခြံစည်းရိုးကာရံခြင်းအား တွက်ချက်ပြီး ဆောင်ရွက်ရန် မှာကြားခဲ့သည်။


ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်ရွက်လျက်ရှိသည့် ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်မြို့သို့ ဆက်သွယ်သည့် မြေသားလမ်း မြို့ရှောင်လမ်းမကြီး ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါမြေသားလမ်းအား ယခုဘဏ္ဍာရေးနှစ်အတွင်း ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်လမ်းဦးစီးဌာနနှင့် ညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက မန္တလေး-လားရှိုး-လောက်ကိုင် ပြေးဆွဲနေသည့် ယာဉ်များသည် ချင်းရွှေဟော်မြို့သို့ ဖြတ်သန်းသွားလာစရာ မလိုတော့ဘဲ ခရီးပိုမိုမြန်ဆန်သွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


စည်သူမောင်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)