Pages

Pages

မြောက်ဦးမြို့၌ မြို့ပေါ်ရပ်ကွက်အသီးသီးတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေစုကန် များ တွင် ရေဖြန့်ဝေပေးလျက်ရှိ





MNP ၊  ဧပြီ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပူပြင်းသောနွေရာသီကာလတွင် ရေတွင်း၊ရေကန်များ ခန်း ခြောက် ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ရေအခက် အခဲကြုံတွေ့နေရသော အောင်တပ်ရပ်ကွက် နှင့် အောင်မင်္ဂလာ ရပ်ကွက်သို့ သွား ရောက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ကြီးမှူး၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ သွား ရောက်ကာ သောက်သုံး ရေများကို ဖြန့်ဝေပေးခဲ့သည်။ 


အဆိုပါ ရပ်ကွက် အသီးသီးတွင် သောက်သုံး ရေတွင်း၊ရေကန်များတွင် နွေရာသီပူပြင်းသော အပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများအနေဖြင့် သောက်ရေ အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် မီးသတ်ရေသည်ယာဉ်ဖြင့်  သောက်သုံး ရေဂါလံ ၂၄၀၀ ကို စနစ်တကျ ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment