Pages

Pages

ကျိုက်ထိုမြို့နယ်၌ခွေးရူးပြန် ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်(အခမဲ့)ထိုးနှံပေး




MNP ၊  ဧပြီ ၂၈

      မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်၌ ဧပြီ ၂၈ ရက် နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ်ပြည်သူ့‌ဆေးရုံ၌ ခွေးရူး ပြန် ရောဂါ ကာကွယ်ဆေး ကိုဒုတိယအကြိမ် အဖြစ် (အခမဲ့)ထိုးနှံပေးခဲ့သည်။ 


   အဆိုပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ရာသို့ ပထမအကြိမ်ထိုးနှံ ထားသည့်ဘုန်းတော်ကြီးသင်စာသင်တိုက်များမှရဟန်း ၊သာမဏေများ၊သီလရှင်ဆရာလေး များ၊ဌာနဆိုင်ရာဝန်ထမ်း များနှင့် ရပ်ကွက်ကျေးရွာရှိပြည်သူ များ လာရောက်ထိုးနှံကြရာ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီး ဌာန မြို့နယ်ဆရာဝန်ကြီးဒေါက် တာခွန်မောင်အိုး ဦးဆောင်၍ ကျန်းမာ ရေးဝန်ထမ်းများက  (အခမဲ့) ကာကွယ်ဆေးအလုံး(၃၀၀)အားကျိုက်ထိုမြို့နယ်၌ထိုးနှံပေးပြီးကျိုက်ထိုခရိုင်သိမ်ဇရပ်မြို့ရှိပြည်သူများအားအလုံးရေ(၁၅၀) ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးခဲ့ကြောင်း

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment