Pages

Pages

ရွှေတောင်မြို့၊ စည်ပင်သာယာဈေးအတွင်း တိရစ္ဆာန်အသားစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်




MNP ၊  ဧပြီ ၂၆

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွှေတောင်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ အသားဆိုင်များအား အသားစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


       အဆိုပါ တိရစ္ဆာန်အသားစစ်ဆေးကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှ်ိသူများ လိုက်ပါလျက်  မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကြက်၊ ဝက်၊ အမဲ၊ ဆိတ် အသားဆိုင်များကို သန့်ရှင်းလတ်ဆတ်မှု ရှိ၊မရှိ ၊စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှု ရှိ၊မရှိ စသည်များကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။


        ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ ကျွဲတလင်းကျေးရွာ၊ တပူစားကျေးရွာများရှိ အမဲ၊ ဝက် သားသတ်ရုံများတွင် သားသတ်‌စစ်ဆေးခြင်း၊ သားသတ်ရုံများအတွင်း pankill ပိုးသတ်ဆေးဖျန်း ခြင်းနှင့် ဖြန့်ဖြူးခြင်းများကိုလည်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment