မြန်မာလူငယ်တွေ မညံ့ပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာလူငယ်တွေ မညံ့ပါ


အိမ်ကသားသမီးကစပြီး သိပ်အကျောမတည့်သလိုလို ခံစားနေရရင် ဒီစာကိုသေခြာစွာဖတ်ပါ။

မြန်မာနိုင်ငံမှာ လူဖြစ်ရတဲ့စိန်ခေါ်မှုက အရမ်းကြီးတယ်။ စိန်ခေါ်မှုကြီးတယ် ဆိုတာထက် ပြည့်စုံအောင်ရှင်းရရင် ရှော့ခ်ရနေတယ်လို့ ပြောရမယ်။ ရှော့ခ်အကြောင်း အောက်မှာထပ်ပါမယ်။


အိမ်ကသားနဲ့ သမီးအတွက် ရေတင်ရတာကို သင်ပေးရတယ်။ ကျနော့်အိမ်က ရေလိုင်းမီးလိုင်းတွေက ရှုပ်ထွေးတယ်။ ရှုပ်ချင်လို့ ရှုပ်ရတာမျိုး မဟုတ်ဘူး။ မီးက မမှန်ဘူး။ မီးလာချိန် မီးအားမပြည့်ဘူး။ တခါတလေ ဆောင့်တက်သွားပြန်တယ်။ ဒီတော့ မီးလာရင် ရိုးရိုးမရဘူး။ ထရန်စဖော်မာ တပ်ရပြန်တယ်။ ဆောင့်ဆောင့်တက်တော့ အော်တိုက ပျက်သွားပြန်ရော။ ဟုတ်ပြီ။ ထရန်စဖော်မာအပြင် အင်ဗာတာတတ် ရပြန်တယ်။ မီးပျက်ချိန် လင်းဖို့ အင်ဗက်တာချည်းပဲနဲ့လည်း မရပြန်ဘူး။ မီးမလာတာ ကြာရင် လင်းဖို့ ဆိုလာလိုလာပြန်ရော။ ဟုတ်ပြီ။ ရေတင်ဖို့အရာ မီးစက်နဲ့မောင်းတဲ့ ကွန်ပရက်ဆာအင်ဂျင်နဲ့ မောင်းတဲ့ကွန်ပရက်ဆာ မီးစက်သေးသေးလေး။ အဲကွန်းဖွင့်ချင်နိုင်တဲ့.မီးစက်အကြီးကြီး။ မီးစက်အကြီးကြီး တစ်ခုထဲသုံးဖို့ကျ ဆီဖိုးကမတတ်နိုင်ပြန်ဘူး။ 


ဒီတော့ကာ ရေလိုင်းမီးလိုင်းတွေကို ရှုပ်နေအောင် တည်ဆောက်ရတယ်။ ကိုယ်က အင်ဂျင်နီယာဖြစ်လို့ ကိုယ်တိုင်တည်ဆောက်ထားလေတော့ ဘယ်မိးလိုင်းသုံးမယ်ဆိုရင် ဘယ်ခလုတ်တွေ ဖွင့်ရပိတ်ရမလဲက ပြဿနာမရှိဘူး။ မေ့မသွားဘူး။ သားသမီးတွေကို အက်သလောက်နားလည်အောင် လိုက်သင်ရတဲ့ ပြဿနာဟာ မြန်မာပြည်မို့လို့ ဖြစ်နေတာပဲ။


ဒီကလေးတွေ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ လူဖြစ်ရင် ဒါတွေသိစရာမလိုအပ်ဘူး။ မြန်မာပြည်ဟာ စိန်ခေါ်မှုကြီးလွန်းတယ်။ လူငယ်တွေ ထူးပြီးညံ့နေတာမဟုတ်ဘူး။


စက်မှုခေတ်မတိုင်မှီက အလုပ်ခွဲခြားလုပ်ကိုင်ခြင်း မရှိဘူး။ မိသားတစ်စုဟာ လိုအပ်ချက်ကို အားလုံးလုပ်ကြရတယ်။ အိမ်ရှင်မတိုင်း အပ်ချုပ်တတ်ရတယ် ဆိုတာမျိုးပေါ့။ စက်မှုခေတ်မှာ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းကြောင့် စက်ပြင်ဆရာ၊ 

စက်ချုပ်သမား၊ စက်မောင်းသမား၊ ဆံသဆရာ၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ ဈေးသည် စသဖြင့် အကြမ်းနည်း ကွဲပြားယုံမျှမက စက်ရုံတစ်ရုံထဲမှာတင် တစ်နေရာမှာတစ်ဦးက တစ်မျိုးထဲပဲလုပ်ရတော့တယ်။


ပညာတွေအများကြီးတတ်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့ စက်ရုံကြီးတည်ဆောက်တဲ့ ပညာကိုတော့ အတော်သင်ယူတတ်မြောက်ထားသူ လူနည်းစုက တတ်ရပေသပေါ့။ လူတော် လူချွန်အများကြီး မလိုအပ်တော့ဘူး။ လူတော်လူချွန်အနည်းစုက အလုပ်ခွဲခြားလုပ်ကိုင်နိုင်တဲ့ စက်ရုံကြီး တည်ဆောက်ပေးလိုက်ရင် တစ်ရုံပြီး တစ်ရုံလိုက်တည်ဆောက်ပေးလိုက်ရင်၊ ပေးလိုက်ပြီးတဲ့အခါ အများကြီးက အဆိုပါစက်ရုံတွေမှာ အလုပ်ရကြတယ်။ 


အထည်ချုပ် သမလေးတွေက စက်ရုံကြိးလဲမတည်ဆောက်တတ်၊ မော်တာစက်လဲ မတည်ဆောက်တတ်၊ ပျက်ရင်လဲမပြင်တတ်၊ အထည်ဒီဇိုင်းလဲမဆွဲတတ်၊ လက်ပဲချုပ်ရ၊ ကော်လံပဲချုပ်ရ၊ ဒါလောက်ကလေးတတ်ယုံနဲ့ ကောက်စိုက်သမထက် ပျော်နေနိုင်ကြတယ်။ ဒါဟာ စက်မှုခေတ်က ပေးတဲ့ အခြေအနေပဲ။


အိုင်တီခေတ်ကတော့ ပိုအဆင့်မြင့်တယ်။ မင်းမှာအိုင်ဒီယာရှိရင်၊ မင်းမှာ ရဲရင့်ရင်၊ မင်းမှာ စန်းရှိရင်၊ ဂျမ်းတောကိုကြည့်ပေါ့။ ဒါအနိမ့်ဆုံး ဥပမာပဲ။ မင်းရဲ့စိတ်ကူးစိတ်သန်း ကောင်းသလောက် ဖြန့်ဝေလို့ရတယ်။ မင်းပရိတ်သတ် ရမယ်။ ပရိတ်သတ်ဟာ ငွေကြေးနဲ့အောင်မြင်မှုကို ဖြစ်စေတယ်။ ဒါဟာ အိုင်တီခေတ်ရဲ့ အခြေအနေပဲ။


မြန်မာ့ရှော့ခ် -

မြန်မာဟာ စက်မှုခေတ်ကို ဖြတ်သန်းရမဲ့ ကာလတစ်လျှောက် ဆိုရှယ်လစ်စနစ်အောက်မှာ ပြီးတော့ ဆိုရှယ်လစ်စနစ် အရိပ်အငွေ့မကုန်တဲ့ အောက်မှာ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းအကြောင်း မတွေ့ထိခဲ့ရပေဘူး။ ၁၉၉၆ ရောက်မှ ထိတွေ့ခဲ့ရရှာတယ်။ ထိတွေ့တယ်ဆိုရာမှာလဲ နိုင်ငံလူဦးရေရဲ့ အပုံတစ်ထောင်ပုံရင် တစ်ပုံက မမြင်ဘူးသေးဘူး။ အဲဒီတော့ ခုထိစက်မှုခတ်ဆိုတာ အလုပ်ခွဲခြား လုပ်ကိုင်ခြင်းပဲ ဆိုတာကို အတော်သဘောမပေါက်ကြဘူး။ သဘောမပေါက်နေတုန်း

ကမ္ဘာကြိးက ရပ်မနေဘူး။ အိုင်တီခေတ်ကို ရောက်သွားတယ်။


အဲ့အချိန်မှာ ဟန်းဆက်တွေ လက်ထဲရောက်လာတဲ့ မြန်မာ့လူငယ် နိုင်ငံခြားထွက် အလုပ်လုပ်စားရတဲ့ မြန်မာ့လူငယ်

တွေဟာ ရှော့ခ်ရကုန်တယ်။ နိုင်ငံရေး အတွေးအခေါ်မရှိဘူး။ ရှိစရာလဲ မလိုအပ်ဘူးလေ။ စက်မှုခေတ်၊ အိုင်တီခေတ်မှာ

ဝင်ပလေးဖို့ သမိုင်းသိဖို့ မလိုအပ်ဘူး။ နိုင်ငံရေးသိဖို့ မလိုအပ်ဘူး။ ရေခံမြေခံ အစုတ်ကို ပြုပြင်တတ်ဖို့လဲ မလိုဘူး။ ဒါ့ကြောင့် လူငယ်တွေမညံ့ဘူး။


ဒီ့ထက်ထပ်တော်ဖို့ မလိုအပ်ဘူး။ ရေခံမြေခံကို ဖျက်နေကြတာက လူကြီးတွေပဲ။ ရန်ဖြစ်နေကြတယ်။ ရန်ပွဲကို ပြီးအောင်မဖြစ်ပဲ တအိအိဖြစ်လို့မဆုံး တဗြုံးဗြုံးလုပ်နေကြတယ်။ ရေခံမြေခံက ပိုစုတ်ချာလာတယ်။ လူငယ်တွေက စက်မှုခေတ်၊ အိုင်တီခေတ်နဲ့အညီ ပလေးချင်တယ်။ လူငယ်တွေမညံ့ပါဘူး။


အေးထပ်ပြောရရင် ရေခံမြေခံမကောင်းရင် ဝိုင်းပြင်မလား၊ ရေခံမြေခံဆိုးမှာ ကြံကြံခိုင်ရှင်သန်မလား၊ ကောင်းပြီးသားရေခံမြေခံမှာ အပင်သွားပေါက်မလား ဆိုတာကတော့ . . . . .


နေမျိုးဝေ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)