Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ အပူဒဏ်အန္တရာယ် နှင့် ရင်သားကင်ဆာအကြောင်း အသိပညာပေး ဆွေးနွေး





MNP ၊  ဧပြီ ၂၈

ရခိုင်ပြည်နယ်၊မောင်တောမြို့၌ အပူဒဏ်အန္တရာယ် နှင့် ရင်သားကင်ဆာအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြု လုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး  မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက အပူဒဏ်အန္တရာယ် နှင့် ရင်သားကင်ဆာ အ ကြောင်း အသိပညာပေး ဟောပြောရာတွင်  ယခုအခါ ရာသီဉတုပြောင်းလဲမှုကြောင့် အလွန်ပူပြင်းလာခြင်း ၊ အပူ ဓာတ် ကြောင့်  ခန္ဓာတွင် ရေဓာတ် နှင့် ဆားဓာတ်ကုန်ခမ်းခြင်း ၊ ရာသီဉတုပူပြင်းမှုကြောင့် ခန္ဓာကိုယ်တွင် ရှေးပြေး လက္ခဏာ များ ဖြစ်ပေါ်မှုများ ၊  နေပူထဲ မဖြစ်မနေသွားလာလိုလျှင် အကာအကွယ်ဖြင့် သွားလာကြရန် ၊ မတော်တဆ သတိလစ် ခြင်းများဖြစ်ပေါ်လာပါက  ရှေးဦးပြုစုနည်းဖြင့်  စောလျှင်စွာကုသပြီး နီးစပ်ရာဆေးရုံ ၊ဆေးခန်းများသို့ ပို့ဆောင်ကြရန် လိုအပ်ကြောင်း နှင့် ရင်သားကင်ဆာအကြောင်း အသိပညာပေးဆွေးနွေးရာတွင်  ရင်သားကင်ဆာဖြစ်ပေါ်မှုအခြေအနေ ၊ ကနဦး ဆန်းစစ်နိုင်သည့် လက္ခဏာများ ၊ ရင်သားကင်ဆာဖြစ်ပွားတတ်သည့် အသက်အရွယ်များ ၊ ရောဂါဖြစ်နေသည်ဟု သံသယရှိပါက  ဆေးရုံတွင် အမြန်ဆုံးပြသကာ ဆေးဝါးကုသမှုခံယူကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေး ပွဲသို့  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment