Pages

Pages

ဇလွန်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနား ကျင်းပ



MNP ၊  ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင်မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း‌မြေဩဇာ‌ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဦးရွှေထူး၏ လယ်မြေ ၁၀ ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သစ်စိမ်းမြေဩဇာ မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲကို တောင်သူဦးရွှေထူး၏၊ ကွင်းအမှတ် (၁၈၄၂ ခ)၊ ဦးပိုင် (၄၅/၂)တွင် ပြုလုပ်ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက တောင်သူများအား သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ဧက (၁၀၀) အတွက် တစ်ဧကလျှင် ၄ ပြည်နှုန်း ပေးအပ်ခဲ့ပြီး ကြဲပက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးရန်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။


ဝေယံ

 https://t.me/MyanmarNationalPost




No comments:

Post a Comment