Pages

Pages

ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး





MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေးများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးယဥ်ဌေးက ချေးငွေထုတ်ယူသည့် တောင်သူများအားလိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။


 ထို့နောက် စိုက်ပျိုးရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ပထမနေ့အဖြစ် ဆင်ရွာနှင့်နတ်‌‌မှော်ကျေးရွာ စပါးစိုက်တောင်သူ (၃၄ )ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက  ၂၅၀  ဧကအတွက် (၃၇၅) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ချေးငွေထုတ်ယူမည့်ကျေးရွာပေါင်း (၄၇ )ရွာရှိပြီး   တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့်  မိုးစပါးစိုက်ဧက (၆၃၃၃၃)အတွက်   စုစုပေါင်းချေးငွေပမာဏ  သိန်းပေါင်းကိုးသောင်းငါးထောင် ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment