Pages

Pages

လိပ်သိုဒေသထွက် သဘာဝကော်ဖီမှုန့်စစ်စစ်များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ




MNP ၊ မေ  ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသသည် တောင်ကုန်းတောင် တန်းများပေါများ၍ နေထိုင်သူဒေသခံ တောင်သူများမှာ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ရာမှ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ကော်ဖီသီးနှံကို စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ ထွက်ရှိလာသော ကော်ဖီစေ့များအတိုင်း ရောင်းချခြင်းအပြင် အမှုန့်ကြိတ် ရောင်းချရာတွင်လည်း ဈေးကောင်းရရှိနေကြောင်း သိရသည်။


လိပ်သိုဒေသတွင် Robusta ကော်ဖီမျိုးများကို အဓိကစိုက်ပျိုးကြပြီး အာရေဗီးကား ကော်ဖီမျိုးများကို စတင်စိုက်ပျိုးလာကြကြောင်း သိရသည်။ ကော်ဖီသီးများကို ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးကြပြီး ခူးယူပြီးကော်ဖီသီးများကို အစိုအတိုင်းသော်လည်းကောင်း၊ နေလှမ်း အခွံချွတ် အစေ့ခြောက်အဖြစ်လည်းကောင်း ရောင်းချခဲ့ကြရာမှ  ကော်ဖီမှုန့်ကြိတ်လုပ်ငန်း လုပ်ကိုင်သူများထံတွင် အမှုန့်ကြိတ်၍ ရရှိလာသော ကော်ဖီမှုန့်စစ်စစ်များကို ထုတ်ပိုးပြီး တံဆိပ်ကပ် ရောင်းချကြရာ တစ်ပိဿာကို (၂၃၀၀ဝိ/-) ကျပ်အထိ ရောင်းချရသောကြောင့် မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကော်ဖီမှုန့်များကို လိပ်သိုမြို့ပေါ်တွင်သာမက အခြားမြို့ကြီးများသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိရာ ဝယ်ယူသူများက မိမိတို့သောက်သုံးရန်၊ အလှအပရေးရာ၌ အသုံးပြုရန်နှင့် လက်ဆောင်ပေးရန် ဝယ်ယူလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment