ပြင်ဦးလွင်မြို့နှင့်အနီးတဝိုက် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အိမ်ယာဆောက်လုပ်ထားမှုများ ဖယ်ရှားခြင်းမခံရရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းများထွက်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့နှင့်အနီးတဝိုက် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အိမ်ယာဆောက်လုပ်ထားမှုများ ဖယ်ရှားခြင်းမခံရရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းများထွက်ပေါ်


MNP ၊ ဇွန်

နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးမြေများ မဆုံးရှုံးစေရေး လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရဘဲ အခြားနည်းအသုံးပြုမှုများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်နှင့် ပြင်ဦးမြို့အား Green City, Smart City ဖော်ဆောင်ရန် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နှင့် အနီးတဝိုက်တွင် လယ်ယာမြေများအား အခြားနည်းသုံးစွဲခွင့် မရဘဲ ဥပဒေမဲ့ အိမ်ယာဖော်ဆောင်ခြင်း၊ ခြံကွက်ရိုက်ရောင်းခြင်း၊ နေအိမ်များဆောက်လုပ်ရောင်းချနေသူများကြားတွင် ဂယက်ရိုက်သွားခဲ့သည်။

ယခုအခါ ထိုသို့ နိုင်ငံတော်ဝန်ကြီးချက် ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်ပါက ၎င်းတို့နစ်နာဆုံးရှုံးရမည် ဖြစ်သောကြောင့် လယ်ယာမြေများပေါ်တွင် ခြံကွက်ရိုက်၊ အိမ်ဆောက်ထားသည်များ မဖယ်ရှားရစေရန် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ပြင်ဦးလွင် မြို့ခံတစ်ဦးက "နိုင်ငံတော်ဝန်ကြီးချုပ် က စိုက်ပျိုးမြေတွေပေါ်မှာ ဥပဒေအရ ခွင့်ပြုထားခြင်းမရှိဘဲ အခြားနည်းအသုံးပြုထားတာတွေ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တဲ့အခါကြတော့ တော်တော်များများက ခွင့်ပြုချက်မရှိဘဲ လုပ်ထားတာတွေ များတယ်။ အာဏာပိုင်နဲ့ ပေးကမ်းပြီး လုပ်ထားကြတာတွေလည်း ဖြစ်နေတယ်။ အာဏာပိုင်တွေ ကိုယ်တိုင်လည်း ဒီလိုအိမ်ယာဆောက်လုပ်တဲ့အထဲတွေမှာ ပါနေတဲ့အခါကြတော့ သူတို့ နစ်နာမှာပေါ့။ အဲဒါကို ဘယ်လိုကျော်ကြ၊ ခွကြမလဲတော့ မသိဘူး။ အိမ်ဆောက်ထားတာတွေ မဖယ်ရအောင် ဆွေးနွေးမှုတွေ လုပ်နေကြတာတော့ ရှိတယ်" ဟု ပြောသည်။

တပ်မတော်အစိုးရလက်ထက်တွင် တောင်သူများထံမှ သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သော်လည်း မူလတောင်သူများထံ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးစ၍ နိုင်ငံတော်အမည်ကို အလွဲသုံးစားလုပ်ကာ လုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချခဲ့သည်များကို နစ်နာသူ တောင်သူများက ပြန်လည်တင်ပြတောင်းခံသော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ ယနေ့တိုင်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ ကာလရှည်ကြာအောင် အချိန်ဆွဲထားခဲ့ကြသည်။

အဆိုပါ စိုက်ပျိုးမြေများပေါ်တွင် လမ်းဖောက်၊ အကွက်ရိုက်၊ အိမ်ယာဖော်၊ အိမ်ဆောက်၍ ရောင်းချမှုများ  အလွန်အမင်း ဖြစ်ပေါ်နေသော်လည်း အာဏာပိုင်များနှင့် ပတ်သက်သူများ ဖြစ်နေခြင်းကြောင့် သဘောရှိ လုပ်ကိုင်ခွင့် ရခဲ့ပြီး ယခုအခါ စိုက်ပျိုးမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အိမ်ယာဖော်ဆောင်ရောင်းချနေမှုများကို အရေးယူမည်ဟု ဆိုင်းဘုတ်များ ကပ်ထားသော်လည်း အရေးယူဆောင်ရွက်ခြင်း အမှန်တကယ်မရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

#MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)