MNP ၊ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ ကမ်းနားလမ်း ဆိပ်ခံဘောတံတား၌ ပြည်ခရိုင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဧရာဝတီသဘာဝရေပြင်အတွင်း ငါးကောင်ရေတစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ငါးမျိုးစိုက်ထည့်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်မြို့ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း အကောင်ရေ ၃၀၀၀၀၊ ရွှေဝါငါး ၇၀၀၀၀နှင့် ငါးခုံးမကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးကောင်ရေ တစ်သိန်းခွဲ ငါမျိုးစိုက်ထည့်ပေးကြသည်။
အဆိုပါအခမ်းအနားကို ပြည်မြို့ ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးသယံဇာတများပေါကြွယ်စေရေးနှင့် ရေသယံဇာတဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကိုဆက်
#MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق