သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်



MNP ၊    ဇွန်   ၂၆

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယမန်နေ့ န့နက် ၁၁ နာရီက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့သည်။


အဆိုပါ Talk Show တွင် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းနှင့် သံတွဲမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သင့်လွင်တို့က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဖြစ်ပေါ်လာပုံ၊ ဆောင်ပုဒ်နှင့် ရည်ရွယ်ချက်များ၊  အအေးပေးဒြပ်ပစ္စည်းများ၏ အဓိပ္ပါယ်၊ အအေးပေးပစ္စည်းအမျိုးအစားများနှင့် အသုံးပြုပုံ၊ အအေးပေးဒြပ်ပစ္စည်းများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအား ကမ္ဘာ့ အအေးပေးပစ္စည်းများနေ့ ဆောင်ပုဒ်ဖြစ်သည့် “အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ အနာဂါတ်မျိုးဆက်သစ်များ၏ ပတ်ဝန်းကျင်သာယာလှပရေးအတွက် ပူးပေါင်းလက်ဆောင်ရွက်ရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးသည် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းများနှင့် သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)