ရေဦးခရိုင် အုပ်ချုပ်ရေးက ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေတဲ့ NLD လွှတ်တော်အမတ်ဟောင်း ဦးဆောင်တဲ့ PDF အကြမ်းဖက်သမားများကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား (အိတ်ဖွင့်ပေးစာ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဦးခရိုင် အုပ်ချုပ်ရေးက ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေတဲ့ NLD လွှတ်တော်အမတ်ဟောင်း ဦးဆောင်တဲ့ PDF အကြမ်းဖက်သမားများကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား (အိတ်ဖွင့်ပေးစာ)







စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ NLDတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဟောင်း ရေဦးမြို့၊ အောင်ဆန်းရပ်ကွက်မှ PDFအကြမ်းဖက်ခေါင်းဆောင် မြင့်ထွေးနှင့်အဖွဲ့သည် ရေဦးမြို့နဲ့ (၁၄)မိုင်ခန့် ကွာဝေးသော တမာတောကျေးရွာ၊ တိုက်နယ်ဆေးရုံကို အခြေချနေထိုင်လျက်ရှိပါသည်။

ဒေသခံများကို ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးတောင်းခြင်း၊ လူသတ်ခြင်းမျာ မကြာခဏပြုလုပ်နေပါသည်။ တမာတောတိုက်နယ်ဆေးရုံထဲ ဒေသခံပြည်ခိုင်ပါတီဝင် ၂၀ဦး ညှင်းပန်းနှိပ်စက် အကြမ်းဖက် ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ကြာနေပြီဖြစ်ပါသည်။ 

ရေမြက်‌ရွာ ဘုန်းကြီးဦးဉာဏိသရ(ခ)ဇော်ထွန်း ကလည်း ရေမြက်ကျေးရွာအုပ်စုမှာ PDFခေါင်းဆောင်လုပ်ပြီး ကချင်ပြည်၊ နယ်လိုင်ဇာက KIAတွေခေါ်ပြီး ဘုန်းကြီးကျောင်းထဲမှာ အ‌ခြေချ အကြမ်းဖက်သင်တန်းပေးခြင်း၊ လူသစ်စုဆောင်းဆက်ကြေးတောင်းခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓါးမြတိုက်ခြင်း အမျိုးသမီးတွေကို မုဒိမ်းကျင့်ခြင်း၊ လူသတ်တာတွေ လုပ်နေပါတယ်။ အကြမ်းဖက်ခေါင်းဆောင် NLDတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဟောင်း မြင့်ထွေး ၏ မိသားစုများလည်း ရေမြက်ရွာမှာ ရှိနေပါတယ်။

တမာတောကျေးရွာအုပ်စုနှင့် ရေမြက်ကျေးရွာအုပ်စုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်မြောက်နယ်မြေဟု သတ်မှတ်ပြီး KIA/PDF များမှ အကြမ်းဖက်သင်တန်းပေးခြင်း၊ လူသစ်စုတောင်းပေးခြင်း၊ NUGတရားမဝင် အကြမ်းစာသင်ကျောင်းများဖွင့်လှစ်နေသည်မှာ(၂)နှစ်မြောက် ရှိပြီဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ န-မ-ခ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် န-စ-က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လူကြီးမင်းများ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် အမြန်ဆုံး နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးရန်‌ နယ်မြေခံ ပြည်သူလူထုကိုယ်စား လေးစွာတင်ပြအပ်ပါသည်။


ဒေသခံပြည်သူတစ်ဦး

#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)