Pages

Pages

အစွန်းရောက် အကြမ်းဖက် NLD ပါတီမှ ဒေါ်စုကို ထောက်ခံအားပေးသူများက ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းကို PDF အကြမ်းဖက်စခန်းအဖြစ် သိမ်းပိုက်ထားကြောင်း သိရ


MNP ၊ ဇွန် ၂၆

အစွန်းရောက် အကြမ်းဖက် NLD ပါတီမှ ဒေါ်စုကို ထောက်ခံအားပေးသူများက ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာရှိ သီရိဓမ္မာဘုန်းကြီကျောင်းကို ငါန်းဇွန် PDF အကြမ်းဖက်စခန်းအဖြစ် သိမ်းပိုက်ထားပြီး ဘုန်းကြီးကျောင်းတွင် သံဃာတစ်ပါးမျှ မရှိတော့ကြောင်း၊ ဘုန်းကြီး‌ကျောင်း ဒကာ၊ ဒကာမများလည်း အသတ်ခံမှာ‌ကြောက်၍ တိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းကို လက်ပံသာရွာမှ ဦးဖိုးပြည့် ဒေါ်အုန်းညွန့်တို့၏သား သက်ထွန်း PDF အကြမ်းဖက်သမား က ဦးဆောင်ပြီး စခန်းပြုလုပ်နေထိုင်ခြင်းဖြစ်ကြောင်း၊ သက်ထွန်းသည် PDF အကြမ်းဖက်အဖွဲ့များအတွက် ငွေကြေးရှာဖွေပေးသူဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမား သက်ထွန်းသည် ရေဇင်းရွာသူ မအေးသိန်းနှင့် အိမ်ထောင်ကျ၍ ရေဇင်းရွာတွင် နေထိုင်လျက်ရှိပြီး လက်ပံသာ ဘုန်းကြီးကျောင်းကို ကျူးကျော်ကျောင်း ဝါဆိုသံဃာစာရင်းမရှိသောကျောင်းဟု ဆိုကာ ဘုန်းတော်ကြီးကျောင်းတွင် PDF အပေါင်းအပါများနှင့် သောက်စားနေကြပြီး လက်ပံသာရွာအိမ်ထောင်စုတိုင်းကို တစ်အိမ်ဆင်းတစ်အိမ်တက် ဆက်ကြေးကောက်ခံ တောင်းယူမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆက်သွယ်ပေးပို့လာသည်။


#MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق