MNP ၊ ဇွန် ၂၆
ပြည်သူတွေရဲ့သတင်းပေးမှုအရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မရွာသင်္ချိုင်းကုန်းနေရာနှင့် အုတ်နှဲဘုတ်ရွာအနီးဝန်းကျင်တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းအရ ဇွန် ၂၆ ရက်(ဒီနေ့) မနက်ပိုင်းက တပ်မတော်စစ်ကြောင်းဖြင့် သွားရောက် အကြမ်းဖက် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၂ဦး ကို အသေဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ရှင်းလင်းမှုဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများ၏ BA63 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ လုပ်သေနတ်အရှည် ၅ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် RPG ၁ လက်၊ ပြောင်းချောသေနတ် ၁ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ကျည်အများအပြား၊ ဆိုင်ကယ် ၁ စီး၊ ယမ်းမှုန့်များ၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိပြီး လခရအဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ကလည်း တပ်မတော်စစ်ကြောင်းဖြင့် အကြမ်းဖက်စခန်းများအား လိုက်လံရှင်းလင်းဖယ်ရှားခဲ့ရာ အကြမ်းဖက်သမား တချို့ အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။
(ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများ၊ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now ကဲ့သို့သော ပြည်ဖျက်မီဒီယာများတွင် ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်သည့်အခါ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ထောက်ပြပြောဆိုခြင်း မရှိဘဲ ၎င်းတို့၏ လက်ပါးစေ အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းရေးအတွက် ရှင်းလင်းဆောင်ရွက်သည့်အခါ လူ့အခွင့်အရေးချိုးဖောက်ခံနေရပါတယ်ဟု ခေါင်းစဉ်တပ် ရေးသားဖော်ပြတတ်ကြသည်။)
#MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق