MNP ၊ ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကက္ကုကျေးရွာအနီး မန္တလေး-ဗန်းမော်သွား ကားလမ်းရှိ တန်ပိုကတ္တားဂိတ်အား မနေ့က နေ့လယ် ၁၂ နာရီခန့်တွင် PDF ပဒက်များက ကောက်ကျစ်ယုတ်မာစွာ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF ပဒက်များ၏ ကောက်ကျစ်ယုတ်မာစွာ မီးရှိဖျက်ဆီးမှုကြောင့် တန်ပိုကတ္တားဂိတ် ဝန်ထမ်း အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
(ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF ပဒက်များသည် တော်လှန်ရေးဟု ခေါင်းစဉ်တပ်၍ လုပ်ဆောင်နေသော်လည်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေး အဆောက်အုံများကို မိုင်းထောင်၊ မီးရှို့ဖျက်ဆီးခြင်း၊ လမ်းတံတားများကို ဖျက်ဆီးခြင်းများကိုသာ အစဉ်သဖြင့် လုပ်ဆောင်လျက်ရှိရာ ၎င်းတို့၏ တော်လှန်ရေးသည် လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများကို တော်လှန်နေခြင်းလား၊ ပညာရေးနှင့် ကျန်းမာရေးအဆောက်အဦများကို တော်လှန်နေခြင်းလား၊ လမ်းတံတားများကို တော်လှန်နေခြင်းလား)
#MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق