ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ အကြမ်းဖက်သမားနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ အကြမ်းဖက်သမားနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ ပြစ်ဒဏ်အသီးသီးချမှတ်





MNP ၊ ဇွန် ၆

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ဝင်များ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသော ဖမ်းဆီးရမိ အကြမ်းဖက်သမားနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ယနေ့ ၆-၆-၂၀၂၃ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်၊ ကင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့သို ဝင်ရောက်ခဲ့ခြင်း၊ ငွေးကြေး၊ ရိက္ခာများ အလှူခံထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ကျော်မင်းသန့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ကန့်ဘလူမြိုနယ်၊ ပေကုန်းတောင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်၍  သတင်းများ ပေးပိုခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ထက်ဇော်နိုင်(ခ)ငထက်၊ တရားခံ ဇာနည်အောင် တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်စီ အသီးသီးကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ကလေးမြို့၊ မြို့သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့တွင် သင်တန်း တက်ရောက်ခဲ့ခြင်း၊ ငွေကြေး၊စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် ဗုံးဖောက်ခွဲရာတွင် ပါဝင်ခဲ့သူ တရားခံ သက်ပိုင်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ဈ) ထောင်ဒဏ်(၁၂)နှစ်၊၅၀(ည)အရ ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က) ထောင်ဒဏ်(၅)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ဝက်လက်မြို့နယ်၊ မြင်တော်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲများနှင့် ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း၊ PDF အကြမ်းဖက်သမားများ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား သိရှိသော်လည်း သက်ဆိုင်ရာသို့ သတင်းပေးရန် ပျက်ကွက်ခဲ့သူ တရားခံ ညွန့်ဝင်း(ခ)ဦးဝင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/၅၂(က/ခ)အရ ထောင်ဒဏ် တစ်သက် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ဦးဆောင်သူများသည် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် ၎င်းတို့၏ သြဇာခံ အကြမ်းဖက်သမားများကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ အစဉ်တစိုက် ကျူးလွန်ခဲ့ကြပြီး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ခြောက်ထောင်ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)