ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက် အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခိုအောင်းနေသည့် PDF အမည်ခံအကြမ်းဖက် သမားများအား တပ်မတော်စစ်ကြောင်းများက သွားရောက် တိုက်ခိုက်ချေမှုန်း၊ လက်နက်၊ ခဲယမ်းများနှင့် အကြမ်းဖက်သမား အလောင်းအချို့ သိမ်းဆည်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက် အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခိုအောင်းနေသည့် PDF အမည်ခံအကြမ်းဖက် သမားများအား တပ်မတော်စစ်ကြောင်းများက သွားရောက် တိုက်ခိုက်ချေမှုန်း၊ လက်နက်၊ ခဲယမ်းများနှင့် အကြမ်းဖက်သမား အလောင်းအချို့ သိမ်းဆည်းရရှိ






MNP ၊ ဇွန်  ၂၅

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက် ဆက်သွယ် သတင်းပေးပို့မှုအရ ပြည်ဖျက်မိစ္ဆာ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာများအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်းသိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများက ယနေ့တွင် သွားရောက် ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမား အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ် ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ ၁ ဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း သတင်း အရ တပ်မတော်စစ်ကြောင်းများက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ၏ ယာယီစခန်းတစ်ခုအား တွေ့ရှိခဲ့သဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများထံမှ စနိုက်ပါသေနတ် ၁ လက်အပါအဝင် လက်နက်မျိုးစုံ ၁၅ လက်၊ ၁၀၇ မမဒုံးသီး ၂ လုံးအပါအဝင် ခဲယမ်း/ ဗုံးသီးများ၊ ကျည်မျိုးစုံ ၅၀၀၉ တောင့်နှင့် အကြမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့်   ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။


အလားတူ ဆက်စပ်သတင်းများအရ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် စစ်ကိုင်းမြို့နယ်၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာများအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်သမားများထံမှ လက်နက်မျိုးစုံ ၂၇ လက်၊ ခဲယမ်း/ဗုံးသီးအချို့နှင့် အကြမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့်   ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။


အဆိုပါ သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့များအနေဖြင့် အဆိုပါလက်နက်များကို ကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင် လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်း အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်ထားသည်။


ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့များသည် အမေရိကန်အပါအဝင် ၎င်းတို့က ငွေကြေးပံ့ပိုးပေးနေသည့် နိုင်ငံများ၊ အဖွဲ့အစည်းများထံမှ အထောက်အပံ့ရယူ၍ တိုင်းပြည်အတွင်း တည်ငြိမ်အေးချမ်းမှု ကင်းမဲ့စေရန် ၎င်းတို့အား ထောက်ခံအားပေးသူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချ၍ ၎င်းတို့ကို အားပေးထောက်ခံခြင်း မရှိသည့် အပြစ်မဲ့ (လက်နက်မဲ့) ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်လျက်ရှိရာ စုစုပေါင်း ၅၈၀၀ ကျော် အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


#MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)