MNP ၊ ဇူလိုင် ၂၃
တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံတရာကျေးရွာတွင် ဇူလိုင် ၂၃ ရက် ယနေ့ နံနက် ၁နာရီခွဲအချိန်ခန့်က မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန်ကျည်းပင်အမြစ်မှ လဲကျ၍ ဦးအောင်စိုးမိုး၏နေအိမ်ပေါ်သို့ ပိကျခဲ့သဖြင့် ဦးအောင်စိုးမိုး(၃၃)နှစ် နှင့် သားဖြစ်သူ မောင်အောင်ရဲလင်း (၁၁)နှစ်တို့နှစ်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။
ဦးအောင်စိုးမိုး၏ ဇနီးဖြစ်သူ မမာပို(၃၃) နှစ်နှင့် သမီးဖြစ်သူ မဇွန်ပွင့်ဖြူ(၃)နှစ်တို့ နှစ်ဦးမှာ သစ်ကိုင်းရိုက်မိ ဒဏ်ရာများရရှိခဲ့၍ တောင်ငူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق