Pages

Pages

ပေါက်တောမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဆန်နီအုန်း စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြပွဲသို့တက်ရောက်ခြင်း






MNP ၊ ဇူလိုင် ၂၇      

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာများရှိ တောင်သူများအသုံးပြုနိုင်ရေးအတွက်  စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က နတ်တောင်ပြင်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဆန်နီအုန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြသည်။ 


ရှေးဦးစွာ ဗိုလ်မှူးချုပ်ဆန်နီအုန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားကြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်သန်းဌေးက စူပါဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲရခြင်း၏ အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။  ယင်းနောက်  စူပါဘိုကာရှီ သဘာဝ ဓာတ် မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ပြုလုပ်ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေအေးနှင့် ဝန်ထမ်းများက စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်ပုံ အဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခဲ့ကြပြီး တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ​သည်။ ဆက်လက်ပြီး နတ်တောင်ပြင်ကျေးရွာအုပ်စု၊ ကျောက်ဆိပ်ကျေးရွာ တောင်သူ ဦးထွန်းသာစိန်၏ ကွင်းအမှတ် (၁၀၈၅)၌ စိုက်ပျိုးထားသော မိုးစပါး ပေါ်ဆန်းရင် SRI (၅)ဧက တောင်သူနည်းပညာပေး စံပြကွက်သို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق