နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အလုပ်ခွင်ဝင်ရောက်လိုသူများအား လူတွေ့စစ်ဆေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အလုပ်ခွင်ဝင်ရောက်လိုသူများအား လူတွေ့စစ်ဆေးခြင်းများဆောင်ရွက်




MNP ၊ ဇူလိုင်   ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  နည်းပညာတက္ကသိုလ်(ကျောက်ဆည်)အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က နည်းပညာတက္ကသိုလ်(ကျောက်ဆည်)နှင့် clover Mandalay Co., Ltd  တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အလုပ်ခွင်ဝင်ရောက်လိုသူများအား လူတွေ့စစ်ဆေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြေပွဲတွင် clover Mandalay Co., Ltd  မှ ဂျပန်နိုင်ငံသား Mr.Masakazu Kozono နှင့် Mr.Hirazawa Junichi တို့မှ clover Mandalay Co., Ltd အကြောင်းများနှင့် နည်းပညာဘွဲ့ရ ကျောင်းသား/ ကျောင်းသူများအတွက် အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အလမ်းများအကြောင်း ဟောပြောကြားခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက သရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းရရှိလိုသည့် ကျောင်သား/ကျောင်းသူ(၅)ဦးအား clover Mandalay Co., Ltd  မှ  Mr.Masakazu Kozono နှင့် Mr.Hirazawa Junichi တို့က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းနှင့်အခမ်းအနားသို့ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ သင်းသင်းနွဲ့၊ ပါမောက္ခများ၊ ဌာနမှူးများ၊ နည်းပြဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)