Pages

Pages

သဘာဝတရားရိပ်သာ ဆရာတော်က ငြိမ်းချမ်းရေးလမ်းစဉ်အတွက် လက်လျှော့မှာ မဟုတ်ဟု ဆို


MNP ၊ ဇူလိုင် ၂၉

သဘာဝတရားရိပ်သာ ဆရာတော်ဟာ NLD နာယက ဘဘဦးတင်ဦး နှင့် တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးအဖြစ်သာ ဆက်လက်ရပ်တည်စေလိုကြောင်း၊ ဖြစ်ပေါ်လျက်ရှိသော သတ်ဖြတ်နေမှုများကို အဆုံးသတ်စေလိုကြောင်း ဆွေးနွေးပြောဆိုခဲ့သည့်အပေါ် အကြမ်းဖက်ဝါဒီများက ဆရာတော်အား နည်းမျိုးစုံဖြင့် တိုက်ခိုက်လာခဲ့ကြသည်။

ဆရာတော် အမေရိကန်သို့ ကြွရောက်သည့် ခရီးစဉ်အတွင်း အမေရိကန်ရောက် ယုတ်မာရိုင်းစိုင်းသော နီပိန်းအသိုင်းအဝိုင်းက ဆဲဆိုစော်ကားမှုများ ပြုလုပ်ခဲ့ကြသည်။

ဆရာတော်၏ ကပ္ပိယ က "ဒီလိုလုပ်လို့ ဆရာတော် ဒီငြိမ်းချမ်းရေးလမ်းစဉ်ကို လက်လျှော့မှာ မဟုတ်ပါဘူး။ (ခင်ဗျားတို့နဲ့ ဆရာတော် ဘယ်သူက ဇွဲသာမလဲ၊ စောင့်ကြည့်ရုံပေါ့) ခင်ဗျားတို့ လုပ်သမျှကိုလည်း သည်းခံမှုနဲ့ ကျော်ဖြတ်ပြီး ဆရာတော်က သူယုံကြည်ရာကို ဆက်လုပ်နေဦးမှာ၊ ဒီလို အများအကျိုးရှိမယ်ကို သည်းခံမှု၊ မလျှော့သောဇွဲလုံ့လနဲ့ လုပ်တတ်တာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း ဆောင်ရွက်တတ်တဲ့ သူတော်ကောင်းတွေ လုပ်ရပ်ပါ" ဟု ရေးသားတုန့်ပြန်ထားသည်။

ဆရာတော်၏ အမေရိကန် ခရီးစဉ်တွင် ဆဲဆိုစော်ကားကြသူများထဲတွင် ဝရမ်းပြေးမ ပန်ဆယ်လိုလည်း ပါဝင်သည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق