မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


MNP ၊ ဇူလိုင် ၂၇      

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံသုတသနပြပွဲ၊ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါသုတေသနပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်နှင့် ဒုတိယပါမောက္ခချုပ်ဒေါက်တာ ခင်နှင်းအိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။၎င်းနောက်  ပါမောက္ခဒေါက်တာဘဟန်နှင့် တာဝန်ရှိသူများက မိတ္ထီလာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအတွင်း  ဘာသာရပ်ပေါင်းစုံမှ ခင်းကျင်းပြသထားသော သုတေသန ပြခန်းများကို လှည့်လည်ကြည့်ရှု့အားပေး သည်။ အဆိုပါ သုတေသနပြပွဲနှင့် ပြိုင်ပွဲတွင် ဓာတုဗေဒ၊ ရုက္ခဗေဒ၊ အင်္ဂလိပ်စာ၊ဘူမိဗေဒ၊ ဒဿနိကဗေဒ၊ မြန်မာစာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်၊ ရူပဗေဒ ၊ ဥပဒေ၊ အရှေ့တိုင်းပညာ၊ ပထဝီဝင်၊ စီးပွားရေး ပညာဘာသာရပ်ပေါင်းစုံမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ ပူးပေါင်းဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် သုတေသန ဆိုင်ရာများကို ခင်းကျင်းပြသခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့တာဝန်ရှိသူများက အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။ ထိုနောက် အဆိုပါ သုတေသနပြပွဲနှင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော သုတေသနပြခန်းများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ချမ်းသာ

https://t.me/MyanmarNationalPost





ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)