ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ







MNP ၊ ဇူလိုင်   ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၊ ၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉:၃၀ နာရီက ရဿဝတီခန်းမ၌ ကျင်းပသည်။


ဦးစွာ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်တို့က အမှာစကားပြောကြားပြီးနောက် အသင်းသားများ၏ သားသမီးများ ထဲမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ များအား ဆုများချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်း အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှု စာရင်းများကို ဖတ်ကြား တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာများ၊ အမြတ်ခွဲဝေမှုစာရင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊  ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခြင်း၊ အသင်းစည်းကမ်းများကို ပြင်ဆင် ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားရှင်းလင်းချက် များပြုလုပ်ကာ အသင်းသားဦးရေ (၁၁၁၀)ဦးအား စုဆောင်းငွေပေါ်အတိုးပေးငွေကျပ်(၂၀၈.၄၄၂) သိန်းထုတ်ပေးခြင်း၊ အစုပေါ်အမြတ်ကျပ်(၅၅.၅၀)သိန်းထုတ်ပေးခြင်းနှင့် အသင်းသားများအား ဗလာမပါကံစမ်းမဲဖောက်ပေးခဲ့ကြောင်းသိရသည်။


ဆုမွန်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)