အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ် အ.ထ.က (၄) ကျောင်း၌ မြန်မာနိုင်ငံမူးယစ်‌ ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ် အ.ထ.က (၄) ကျောင်း၌ မြန်မာနိုင်ငံမူးယစ်‌ ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စကားဝိုင်းကျင်းပ

 






MNP ၊ ဇူလိုင်   ၃၁

အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် အ.ထ.က (၄) ကျောင်းတို့ ပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ‌ပေး စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါစကားဝိုင်းကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဉက္ကဋ္ဌရဲမှူးကြီး ဦးမြင့်ဆွေ (ငြိမ်း) က အဖွင့်အမှာစကား ပြောကြားရာတွင် MANA အကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့၏ ဆောင်ရွက်ချက်များ၊ ပညာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာ‌ရေးဝန်ကြီးဌာနတို့၏ ရည်ရွယ်များ၊ မူးယစ်‌ဆေးဝါးဆန့်ကျင်‌ရေး MANA အဖွဲ့နှင့် လက်တွဲဆန့်ကျင် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကျောင်းသား/သူများ မူးယစ်ဆေးကို စတင်မသုံးစွဲမိစေရန် အထူးလိုအပ်ကြောင်း စသည်များ အကျယ်တဝင့်ပြောကြားပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးစကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဒုတိယဥက္ကဋ္ဌ ဒေါ်သန္တာဘုန်းဝင်းနှင့် အဖွဲ့ဝင် ဦးအောင်ကျော်စွာတို့မှ ဦးဆောင်ဆွေးနွေးပြီး အ.ထ.က (၄) ကျောင်း  ကျောင်းသူလေးများမှလည်း လူမှုပတ်ဝန်းကျင်နှင့် ဆေးစွဲခြင်း ပြဿနာ၊ လူငယ်များနှင့် Vape အကြောင်း၊ လူငယ်နှင့် အမျိုးသမီးငယ်များအကြားHappy water အန္တရာယ်အကြောင်း၊ Ketamine၊ Ecstasy အကြောင်းနှင့် ဆိုးကျိုးအန္တရာယ်များ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာများ သိလိုမှုများမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း (အခမဲ့)ဖြန့်ဝေခဲ့ကြောင်း သိရသည်။


မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးစကားဝိုင်းကို မြန်မာနိုင်ငံ မူးယစ်ဆေဝါးဆန့်ကျင်ရေး အသင်း (မန္တလေးတိုင်းဒေသကြီး) ဉက္ကဋ္ဌရဲမှူးကြီး ဦးမြင့်ဆွေ (ငြိမ်း) နှင့်အဖွဲ့ဝင်များ၊ အ.ထ.က (၄) ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာများ၊ကျောင်းသား/သူများ စုစုပေါင်း(၃၅၀)ဦး တက်ရောက်ခဲ့သည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)