Pages

Pages

ဒဂုံတက္ကသိုလ်၌ ဥပဒေပညာရပ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ



MNP ၊ ဇူလိုင် ၂၇      

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်) မြို့နယ်ဒဂုံတက္ကသိုလ်တွင် ဥပဒေပညာရပ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပခဲ့သည်။


ရှေးဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက ဒဂုံတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများကို ဘာသာရပ်ဆိုင်ရာအသိပညာ ဗဟုသုတများရရှိစေရန် Academic Talk များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုဟောပြောမည့် တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေနှင့် ဥပဒေဆိုင်ရာဗဟုသုတများကို အိမ်ထောင်သည် များသာမက ဆရာ၊ဆရာမနှင့် ကျောင်းသား ကျောင်းသူများလည်းသိရှိရန်လိုအပ်ကြောင်း ပဏာမ ရှင်းလင်းပြောကြား၍ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)၏ ဥပဒေအကြံပေး၊ မရမ်းကုန်းမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ၊ မရမ်းကုန်းမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရှေ့နေများအသင်း (မရမ်းကုန်းမြို့နယ်)ဥက္ကဋ္ဌ ဦးခင်ဇော်က “အိမ်ထောင်ရေးပြဿနာများနှင့် ရာဇဝတ်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။


ဆက်လက်၍ ဟောပြောပေးသည့် ဆရာဦးခင်ဇော်အား ဒေါက်တာလှိုင်အောင်ထွန်း (ပါမောက္ခ၊ဌာနမှူး၊ ဥပဒေပညာဌာန)က အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်စန်းစန်းမွှေးက ကျေးဇူးတင်စကားပြောကြားပြီး နောက်ဆရာဦးခင်ဇော်ကလည်း ဒဂုံတက္ကသိုလ် စာကြည့်တိုက်အတွက် ဥပဒေဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းရာ သင်တန်းရေးရာဌာနမှူး ဦးသန်းစိုးဦး ကလက်ခံကြောင်းသတင်းရရှိသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق