နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၂/၂၀၂၃ အစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၂/၂၀၂၃ အစည်းအဝေးတက်ရောက်



MNP ၊ ဇူလိုင် ၂၉     

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၂/၂၀၂၃ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်  နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု အတွက်သာမက တိုင်းပြည်၏ ပြည်တွင်းထုတ်ကုန်တန်ဖိုးတို့ကို တိုင်းတာတွက်ချက်ရာမှာ အရေးပါသည့် Indicator တစ်ခုအနေဖြင့် ပါဝင်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ပြီး ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေး၊ ထုတ်လုပ်မှုများ မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က နေပြည်တော်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် အမှာစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာကို သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များကို ဖတ်ကြားရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။


ထို့နောက်နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)