MNP ၊ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများအား ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးအဖွဲ့မှဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းဦးဆောင်၍ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးတို့ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား(၇)အား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၁၀၀၀၀)ကျပ်နှင့် အားဖြည့်စာများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးကျော်စိုး
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق