လားရှိုးမြို့ သာသနာ့ဟိတကာရီသီလရှင်စာသင်တိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့ သာသနာ့ဟိတကာရီသီလရှင်စာသင်တိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ




MNP ၊ ဇူလိုင် ၂၄      

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၈)ရှိ သာသနာ့ဟိတကာရီသီလရှင် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နိုင်ငံတော်ဩဝါဒစရိယ၊ မဟာဗောဓါရုံကျောင်းတိုက်မဓာနနာယကဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြသည်။


ထို့နောက် သံဃာတော်အရှင်သူမြတ်ထံ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများထံ သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost



ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)