မုဒုံမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး


MNP ၊ ဇူလိုင် ၂၄      

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို  ဇူလိုင် ၂၁ ရက်မှ စတင်ထုတ်ပေးရာ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။


အငြိမ်းစားဝန်ထမ်းများ၏ လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူ လိုပါက လိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အသက်အရွယ်ကြီးရင့်သူများ အခက်ခဲမရှိ အဆင်ပြေချောမွေ့စေရေး အတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် စနစ်တကျဆောင်ရွက်ပေးထားကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာက ပြောသည်။


မုဒုံမြို့နယ်တွင် အငြိမ်းစာပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့မှ လမကုန်ခင်အထိနှင့် ကျန်ရှိသူများကို လကုန်အပြီးတွင် ပုံမှန်ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အတွင်း အငြိမ်းစားပင်စင်လစာထုတ်ယူသူ စုစုပေါင်း ၂၉၄၃ ဦးရှိကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)